Easy Pay Services

Pension (ပင်စင်လစာထုတ်ယူခြင်း)

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် မိုဘိုင်းပင်စင်အသုံးပြုနိုင်ပါပြီ။ မိုဘိုင်းပင်စင် Form ပုံစံကို မြန်မာ့စီးပွားရေးဘဏ်များတွင် ဖြည့်သွင်းခြင်းဖြင့် မိုဘိုင်းပင်စင် ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်ပါသည်။ အချိန်ကုန် လူပင်ပန်းခံစရာ မလိုဘဲ နီးစပ်ရာ၊ Easy Pay ကိုယ်စားလှယ်များ တွင် အလွယ်တကူ ပင်စင်လစာ ထုတ်ယူနိုင်ပါသည်။ မိုဘိုင်းပင်စင် ကိုအသုံးပြုခြင်းဖြင့် အောက်ပါအကျိုး ကျေးဇူးများ ရယူနိုင်ပါသည်။
(၁) ပင်စင်လစာလက္ခံရရှိကြောင်း အကြောင်းကြားစာပေးပို့ခြင်း။
(၂) ပင်စင်ငွေ ကျပ်သိန်းနှစ်ဆယ်အထိ စုဆောင်းထားနိုင်ခြင်း။br (၃) EasyPay ၏ နီးစပ်ရာ ကိုယ်စားလှယ်များတွင် ငွေထုတ်ယူနိုင်ခြင်းကြောင့် ခရီးစရိတ်နှင့် လူပင်ပန်း သက်သာခြင်း။
(၄) ရောက်ရှိရာ ဒေသရှိ Easy Pay ကိုယ်စားလှယ်များနှင့် မြန်မာ့စီးပွားရေးဘဏ်များတွင် ငွေထုတ်ယူနိုင်ခြင်း။
(၅) ခရီးသွားရာတွင် ငွေပိုအဖြစ်ဆောင်ယူထားပြီး လိုအပ်မှ ထုတ်ယူသုံးစွဲနိုင်ခြင်း။
(၆) လှူဒါန်းရန်နှင့် အခြားကိစ္စရပ်များအတွက် ငွေလွှဲပေးပို့နိုင်ခြင်း။
(၇) မိသားစုနှင့် မိတ်ဆွေများအတွက် ဖုန်းငွေဖြည့်ရန် အသုံးပြုနိုင်ခြင်း။

Main Features