Easy Pay Services

Money Transfer (ငွေလွှဲခြင်း)

Easy Pay မှ ငွေလွှဲ ဝန်ဆောင်မှုများကို လွယ်ကူစိတ်ချစွာ လုပ်ဆောင်နိုင်ပါသည်။ ငွေလွှဲလိုသော Customer သည် EasyPay တွင် မှတ်ပုံတင်ထား သောသူဖြစ်ရန် လိုအပ်ပြီး မိမိလွှဲပြောင်းလိုသည့် ငွေပမာဏကို မိမိ၏ MPT–MEC ဖုန်းအတွင်းသို့ ငွေဖြည့်သွင်းပြီးပါက မှတ်ပုံတင်ထားသော ဖုန်းသို့ဖြစ်စေ မှတ်ပုံတင်ထားခြင်းမရှိသော ဖုန်းသို့ဖြစ်စေ အချိန်တိုအတွင်းလွယ်ကူစွာ ငွေလွှဲပေးနိုင်ပါသည်။

တစ်ဦးနဲ့တစ်ဦးငွေဘယ်လို ငွေလွှဲရမလဲ (P2P Transfer)

P2P Transfer ဆိုသည်မှာ EasyPayတွင် Register ပြုလုပ်ထား သူအချင်းချင်း ငွေလွှဲပြောင်း ပေးခြင်း ဖြစ်ပါသသည်။ ငွေလွှဲပြောင်း ပေးဖို့အတွက် EasyPay တွင် Register ပြုလုပ်ထားရန် လိုအပ်ပြီး မိမိလွှဲပြောင်း လိုသည့် ငွေပမာဏကို ကြိုတင် ဖြည့်သွင်းထားရန် လည်း လိုအပ် ပါတယ်။ ထို့နောက် ဖုန်းလိုင်းမိရုံဖြင့် SMS (သို့) USSD အသုံးပြု၍ သော်လည်းကောင်း၊ အင်တာနက်ရှိရုံဖြင့် Mobile App အသုံးပြု၍ သော်လည်းကောင်း မိမိ လွှဲပြောင်းပေး လိုသူထံသို့ အချိန်တိုအတွင်း လွယ်ကူစွာ ငွေလွှဲပြောင်း ပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးနှင့် တစ်ဦး ငွေလွှဲပုံနည်းလမ်း အသေးစိတ်ကို www.easypay.com.mm နှင့် www.facebook.com/easypaymobilemoney/ တို့မှတစ်ဆင့်လည်း လေ့လာနိုင်ပါတယ်။

ဖုန်းပိုက်ဆံဖြင့်ငွေလွှဲခြင်း ( Voucher Transfer)

Vouncher Transfer ဆိုသည်မှာ EasyPay တွင် Register ပြုလုပ်ထားသူမှ Register မပြုလုပ်ထားသော ဖုန်းနံပါတ် သို့ငွေလွှဲပြောင်း ပေးခြင်းဖြစ်ပါသည်။ ငွေလက်ခံ သူ၏ဖုန်း အတွင်းသို့ SMS ဖြင့် Vouncher Number တစ်ခု ဝင်ရောက် လာမှာ ဖြစ်ပြီးထို Pass Code ဖြင့် နီးစပ်ရာEasy Pay ကိုယ်စားလှယ်ထံတွင် ငွေသား သွားရောက် ထုတ်ယူ နိုင်မှာ ဖြစ်ပါတယ်။

Main Features