Easy Pay Services

Customer သုံးစွဲသူ

Easy Pay ငွေကြေးဝန်ဆောင်မှုကို စတင်အသုံးပြုလိုပါက မိမိဖုန်း (MPT/ MECTel) ဖုန်းမှ 1666 သို့ JOIN ဟု SMS ပေးပို့၍သော်လည်းကောင်း USSD code *666# သို့ခေါ်ဆို၍ Register ပြုလုပ်၍ လည်းကောင်း စတင်အသုံးပြုနိုင်ပါသည်။ (Register ပြုလုပ်ရာတွင် Easy Pay-Myanmar Mobile Money မှ ပြန်လည်ပေးပို့သော Message တွင် ပါဝင်သည့် PIN code သည် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် လိုအပ်သော ကြောင့် သေချာစွာမှတ်သားထားရန်လိုအပ်ပါသည်။ မိမိ အသုံးပြုသော PIN CODE လုံခြုံစိတ်ချမှု ရှိစေရန် PIN Code ကိုမိမိ အဆင်ပြေသော PIN code သို့ ပြောင်းလဲပြီး အသုံးပြုပါ။) Register ပြုလုပ်ပြီးသော Customer များကို Non-KYC အဖြစ်သတ်မှတ်ထားပြီး ငွေပမာဏ (၅၀၀၀၀)ကျပ်အထိသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ငွေကျပ်ပမာဏ ကျပ်သိန်း(၂၀) အထိ အသုံးပြုလိုပါက မိမိတို့နှင့်နီးစပ်ရာ Agent ထံသို့သွားရောက်ကာ EasyPay-Myanmar Mobile Money Customer Application Form (KYC Form) တွင် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းခြင်းဖြင့်လည်းကောင်း EasyPay App တွင်လည်းကောင်း KYC Form ဖြည့်သွင်းပြီးအသုံးပြုနိုင်ပါသည်။


Non-KYC Customer

Minimum Wallet Amount – 0

Maximum Wallet Amount – 50,000

KYC Customer

Minimum Wallet Amount – 0

Maximum Wallet Amount – 2,000,000


Easy Pay ငွေကြေးဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

  • မိုဘိုင်းလ်ဖုန်းအသုံးပြု၍ မိမိဆောင်ရွက်လိုသော ငွေကြေးလွှဲပြောင်းမှုများကို အချိန်နှင့်တပြေးညီ ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်း။

  • မိမိပိုင်ငွေသားများကို သယ်ဆောင်ထိန်းသိမ်းရန် မလိုပဲ ဖုန်းထဲတွင်လုံခြုံစွာ သိမ်းဆည်း ထားနိုင်ခြင်း။

  • 24 hours/ 7 days အသုံးပြုနိုင်ခြင်း။

  • ငွေသားနှင့် ချက်လက်မှတ်များ အသုံးပြုရန် မလိုတော့ခြင်း။

  • ဖုန်းဖြင့်စျေးဝယ်နိုင်သောကြောင့် ငွေအကြွေပြဿနာများ မရှိခြင်း။

  • ခရီးစရိတ်နှင့် အချိန်ကုန်သက်သာခြင်း။

  • မိမိပြုလုပ်ထားသည့် ငွေကြေးလွှဲပြောင်းမှု လုပ်ငန်းစဉ်များကို အချိန်မရွေး ပြန်လည် စစ်ဆေးနိုင်ခြင်း။