Easy Pay Services
အမေးများသောမေးခွန်းများ
EasyPay ဆိုတာ ဘာလဲ။
EasyPay ဆိုတာက လူတစ်ယောက်နှင့် တစ်ယောက်အကြား ငွေကြေးဆိုင်ရာ လွှဲပြောင်း ပေးချေမှုများ အား မိုဘိုင်းဖုန်း သုံးစွဲ၍ ပြုလုပ်ခြင်းဖြစ်ပါတယ်။
EasyPay ကို ဘယ်လို စတင်သုံးစွဲနိုင်ပါသလဲ။
EasyPay ကို SMS ဖြင့် 1666 သို့ Join ပါက EasyPay မှပြန်လည်၍ PIN No: ပေးပါက Agent ထံတွင် ပိုက်ဆံဖြည့်ပြီး စတင်သုံးစွဲနိုင်ပါသည်။ ထိုသို့သုံးစွဲခြင်းမှာ Non – KYC ဖြစ်ပြီး ဖုန်းအတွင်းပိုက်ဆံ ငါးသောင်း (50000) အထိသာ ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ KYC အဆင့်သို့တိုးမြှင့်သုံးစွဲလိုပါက Agent ထံတွင် Application Form ဖြည့်သွင်းပြီး ဖုန်းအတွင်းသို့ သိန်း နှစ်ဆယ် (2,000,000) အထိထည့်သွင်း ပြီး ငွေလွဲခြင်း ကုန်ပစ္စည်းဝယ်ယူခြင်း ဖုန်းဘေဖြည့်ခြင်း စသည့် EasyPay ၏ဝန်ဆောင်မှုလုပ်ငန်းများကို သုံးစွဲနိုင်ပါတယ်။
Agent ဆိုတာက ဘာလဲ။
Agent ဆိုတာက EasyPay ဝန်ဆောင်မှုသုံးစွဲသူများရဲ့ ငွေသွင်း၊ ငွေထုတ်လုပ်ငန်း များတွင် လုံခြုံလွယ်ကူလျင်မြန်စွာပြုနိုင်ရန် ကူညီပေးသူများ ဖြစ်ပါတယ်။
Agent သည် မည်သည့် အကျိူးကျေးဇူးများ ခံစားခွင့်ရှိမှာလဲ။
Agent သည် EasyPay ၏ ဝန်းဆောင်မှုလုပ်ငန်းများဖြစ်တဲ့ ငွေသွင်းခြင်း ငွေထုတ်ခြင်း ဖုန်းငွေဖြည့်သွင်းခြင်းများကို ကိုယ်စားဆောင်ရွက်ပေးပြီး လုပ်ငန်းစဉ်တိုင်းအတွက် EasyPay မှသတ်မှတ်ထားသော ကော်မရှင်ကို ခံစားခွင့်ရှိပါတယ်။
EasyPay ဖြင့် မည်သည့် ဝန်ဆောင်မှုများ ကို သုံးစွဲနိုင်သလဲ။
(၁) ငွေသွင်းခြင်း ( Cash In )
(၂) ငွေထုတ်ခြင်း ( Cash Out )
(၃) တစ်ဦးနှင့်တစ်ဦးငွေလွှဲခြင်း ( P2P )
(၄) လစာပေးခြင်း ( Salary Disbursement )
(၅) ဖုန်းဘေလ်ဖြည့်ခြင်း ကိုယ်တိုင် ( TopUp Self )
(၆) ဖုန်းဘေလ်ဖြည့်ခြင်း အခြားသူ (TopUp Other )
(၇) စျေးဝယ်ခြင်း ( Purchase )
(၈) အသေးစားချေးငွေလုပ်ငန်း (Microfinance )
မိုဘိုင်းလ် ဖုန်းအတွင်းသို့ ပိုက်ဆံအိတ်အဖြစ် မည်သို့ ထည့်သွင်းနိုင်သလဲ။
မိုဘိုင်းလ် ဖုန်းအတွင်းသို့ ပိုက်ဆံအိတ်အဖြစ် ထည့်သွင်းလိုသော ငွေပမာဏကို ဘဏ်တစ်ခုခု (အင်းဝဘဏ် ၊ မြန်မာ့စီးပွားရေးဘဏ် ၊ ကျေးလက်ဖွံ ့ဖြိုးရေးဘဏ် ) (သို့) EasyPay Agent များ ရှိရာသို့ သွားရောက်၍ ထည့်သွင်း နိုင်ပါတယ်။
မိုဘိုင်းလ် ဖုန်းအတွင်းမှ ငွေကို ဘယ်လို ထုတ်ရမလဲ။
မိုဘိုင်းလ် ဖုန်းအတွင်းမှငွေကိုဘဏ်အထိသွားရန် မလိုဘဲနီးစပ်ရာ Agent ထံတွင် အလွယ်တကူငွေ ထုတ်ယူနိုင်ပါတယ်။
တစ်ဦးနှင့် တစ်ဦး (P to P) ဘယ်လို ငွေလွဲပေးနိုင်မလဲ။
ေငွလွှဲပြောင်းပေးရာတွင် EasyPay တွင် Register ပြုလုပ်ထားရန် လိုအပ်ပြီး မိမိ လွှဲပြောင်းလိုသည့် ငွေပမာဏကို ကြိုတင်ဖြည့်သွင်းထားရန် လိုအပ်သည်။ ထို့နောက် ဖုန်းလိုင်းမိရုံဖြင့် မိမိလွှဲပြောင်းပေးလိုသူ ထံသို့အချိန်တိုအတွင်း လွယ်ကူစွာလွှဲပြောင်းပေးနိုင်သည်။ P2P transfer ငွေလွှဲပုံနညန်းလမ်းကို လက်ကမ်းစာစောင်နှင့် Agent များထံတွင် လေ့လာနိုင်ပါတယ်။
EasyPay ဖြင့် ဝန်ထမ်းများကို လစာငွေပေးခြင်း ဆိုတာက ဘာလဲ။
EasyPay ဖြင့်ဝန်ထမ်းများကိုလစာငွေပေးခြင်း ဆိုတာက ဝန်ထမ်း များ၏ဖုန်းအတွင်းသို့ သူတို့ရဲ့ လစာငွေကို E-Money အဖြစ်ထည့်သွင်းပေး ခြင်းဖြစ်ပါတယ်။ ဝန်ထမ်း အားလုံးသည် EasyPay တွင် KYC Level မှှှတ်တမ်းတင်ထားရှိရ မည်ဖြစ်ပြီး အဲဒီဝန်ဆောင်မှု သုံးလိုသည့် ဝန်ထမ်းအဖွဲ့အစည်းက EasyPay သို့ ဝန်ထမ်း တစ်ဦးအတွက် တစ်ရာကျပ် (100 Kyats) ပေးသွင်းရမည် ဖြစ်သည်။ ဝန်ထမ်းများထံသို့လစာငွေနှင့် အခြားခံစားခွင့်များအား EasyPay မှလွှဲပို့ငွေကိုနီးစပ်ရာ Agent ထံတွင် ထုတ်ယူခြင်းဖြင့် Customer အတွက်အချိန်ကုန်ခြင်းကို လျှော့ချနိုင်ပြီး ငွေကုန်ကြေးကျ သက်သာ စေနိုင်ပါတယ်။
EasyPay ဖြင့် ကုန်ပစ္စည်းဝယ်ယူခြင်း ဆိုတာက ဘာလဲ။
EasyPay ဖြင့်ကုန်ပစ္စည်း ဝယ်ယူခြင်းဆိုတာက မိမိဖုန်းအတွင်းမှ ပိုက်ဆံ ဖြင့် EasyPay နှင့် ချိတ်ဆက်ထားသော စျေးဆိုင်များတွင် မိမိလိုအပ်သောပစ္စည်း ကိုဝယ်ယူ၍ ဖုန်းဖြင့်ပိုက်ဆံပေးချေခြင်းဖြစ်ပါတယ်။ ဝန်ဆောင်ခထပ်မံပေးသွင်းရန်မလိုပါ။
EasyPay ဖြင့် အသေးစား ငွေချေးလုပ်ငန်းများကို ဘယ်လို လုပ်ဆောင် နိုင်မလဲ။
မြန်မာနိုင်ငံတွင် အသေးစား ငွေချေးလုပ်ငန်းကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိ သည့် အဖွဲ့အစည်းများအနေဖြင့် EasyPay နှင့် ပေါင်းစပ်၍ အသေးစား ချေးငွေများ ထုတ်ချေးပေးခြင်း၊ အပတ်စဉ် လစဉ်ငွေကြေးများ ပြန်လည် ကောက်ခံခြင်းများကို မိုဘိုင်းလ်ဖုန်း များပေါ်မှ တစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။
EasyPay ဖြင့် ဘယ်လို ဖုန်းပြောခ ကြိုတင်ငွေဖြည့်နိုင်မလဲ။
EasyPay ဖြင့် ဖုန်းပြောခ ကြိုတင်ငွေဖြည့်ခြင်းပြုလုပ်မည်ဆိုပါက နီးစပ်ရာ Agent ထံသို့သွားရောက်ပြီးမိမိ ၏ Mobile ဖုန်းနံပါတ်ကိုပြော၍ အလွယ်တကူဖြည့်သွင်းနိုင်သည်။ ထို့အပြင်မိမိ၏ဖုန်းအတွင်း E-Money ဖြည့်သွင်းထားပါက မိမိဖုန်း၏ဖုန်းပြောခကို ကိုယ်တိုင်ကြိုတင် ဖြည့်သွင်းထားနိုင်ပြီး အခြားသူ၏ ဖုန်းသို့လည်းဖုန်းပြောခငွေ ဖြည့်သွင်းပေးနိုင်ပါတယ်။
ဖုန်းတွင်ရှိသော Mobile ပိုက်ဆံသည် လုံခြုံမှုရှိပါသလား။
ဖုန်းတွင်ရှိသော EasyPay သည်မိမိဖုန်း၏ PIN နံပါတ်အား ကိုယ်တိုင်လုံခြုံအောင် လျှို့ ဝှက်စွာမှတ်သားထားပါက လုံခြုံမှုအပြည့်ရှိပါတယ်။
ဖုန်းစက်ချို့ယွင်းသွားခဲ့လျှင် Mobile ပိုက်ဆံ ဆုံးရှုံးသွားနိုင်ပါသလား။
စက်ချို့ယွင်းသွားခဲ့လျှင် Mobile ပိုက်ဆံ မဆုံးရှုံးနိုင်ပါဘူး။
Customer နှင့် Agent အငြင်းပွားမှုများရှိခဲ့လျှင် မည်သူဖြေရှင်းပေးမှာလဲ။
Customer နှင့် Agent အငြင်းပွားမှုများရှိခဲ့လျှင် EasyPay မှဖြေရှင်းပေးပါလိမ့်မယ်။
EasyPay ဖုန်းအကောင့်ဖွင့်လျှင် ငွေကြေးကန့်သတ်ထားမှုရှိလား။
Easy Pay ဖုန်းအကောင့်ဖွင့်လျှင် 0 Balance ဖြင့် စတင် ဖွင့်နိုင်ပါတယ်။ Non KYC သည် အများဆုံး ငါးသောင်းကျပ်နှင့် Full KYC သည် အများဆုံး ကျပ် သိန်းနှစ်ဆယ် ထားရှိနိုင်ပါသည်။
Customer တစ်ဦးနှင့် တစ်ဦး ငွေအများဆုံးဘယ်လောက်လွှဲနိုင်ပါသလဲ။
Customer တစ်ဦးနှင့် တစ်ဦး ကိုယ်တိုင်ငွေလွှဲပါက တစ်ကြိမ်လျှင် အနည်းဆုံး တစ်ထောင် ကျပ်နှင့် အများဆုံးပမာဏမှာ Non KYC အတွက် ငါးသောင်းကျပ်လွှဲနိုင်မည်ဖြစ်ပြီး Full KYC အတွက်ကျပ် ငါးသိန်း (500,000) အများဆုံးနှင့် တစ်ရက်လျှင် ကျပ်ဆယ်သိန်း (1,000,000) လွှဲနိုင် မည်ဖြစ်ပါတယ်။
EasyPay Services ကို မြန်မာနိုင်ငံအပြင် တစ်ခြားပြည်ပနိုင်ငံတွေင် အသုံးပြုလို့ ရပါသလား။
EasyPay Services ကို မြန်မာနိုင်ငံအပြင် တစ်ခြားပြည်ပနိုင်ငံတွင် အသုံးပြု၍မရပါဘူး။
ကျွန်ုပ်တွင် smart ဖုန်းမရှိပါ။ အသုံးပြုလို ့ရနိုင်ပါသလား။
ရပါသည်။ EasyPay စနစ်ကိုမည်သည့် ဖုန်းအမျိုးအစားတွင်မဆိုအသုံး ပြုနိုင်ပါသည်။ မှတ်ပုံတင်ထားရန််သာ လိုအပ်ပါတယ်။
EasyPay စနစ်တွင်နိုင်ငံခြားသားများ ဝင်ရောက်မှတ်ပုံတင်၍ ရနိုင်ပါ သလား။
မြန်မာပြည်တွင်အသုံးပြုနေသော မိုဘိုင်း SIM ကဒ် ရှိမှသာ EasyPay စနစ် ထဲသို ့ဝင်၍ရနိုင်မှာပါ။
မှတ်ပုံတင်ထားသော ဖုန်းနံပါတ်ပြောင်းလဲလိုက်ပါက မည်သို ့ပြန်လည် ပြုလုပ်ရမည်နည်း။
ဖုန်းနံပါတ်ပြောင်းလဲလိုက်ပါက သင်သည် EasyPay မှတာဝန်ရှိသူထံသို့ Message ပေးပို့ပြီး နီးစပ်ရာ Agent ထံသို့သွားရောက်၍ ပြောင်းလဲလိုက်သော ဖုန်းနံပါတ်ကို ပြင်ဆင်မှတ်ပုံတင်ပေးရန် ပုံစံဖြည့်စွက်ပြန်လည်လျှောက်ထားရမည်။ EasyPay စနစ်တွင် နံပါတ်အသစ်ကိုမှတ်ပုံတင်၍ အဟောင်းကိုဖြတ်သိမ်းပြီးမှသာ ဝန်ဆောင်မှုကို ပြန်လည် အသုံးပြုနိုင်ပါမယ်။
EasyPay စနစ်တွင် ဘဏ် အကောင့်ဖွင့် ရန်လိုအပ်ပါလား။
အသုံးပြုသူများအနေဖြင့် မလိုအပ်ပါဘူး။
နေ့စဉ်၊ လစဉ် လုပ်ဆောင်ရန် လုပ်ငန်းစဉ်အရေအတွက်နှင့် ငွေပမာဏကို ကန့်သတ်ထားခြင်း ရှိပါသလား။
ရှိပါသည်။ သက်ဆိုင်ရာလုပ်ငန်းစဉ်အလိုက် ကန် ့သတ်ထားသည့်ငွေပမာဏရှိပါသည်။
ဆက်သွယ်မေးမြန်းရန် အတွက် မည်သည့် Call Center (သို့) Hot Line ဖုန်းကို ဆက်သွယ်ရမလဲ။
Call Center 1212 နှင့် Hot Line ဖုန်းနံပါတ် 0931001518 , 0931001519, 0931001520, 0931001521, 0931001522, 0931001523, သို့လည်းကောင်း ကားလက်မှတ်နှင့်ပတ်သတ် ၍ စုံးစမ်းမေး မြန်းလိုပါက 0931001524, 0931001525 ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဖုန်းနံပါတ်ကို မှားပို့မိသည်ရှိသော် ငွေဆုံးရှုံးမှုရှိနိုင်ပါသလား။
ရှိနိုင်ပါသည်။ မဆုံးရှုံးစေရန်အမြန်ဆုံး နီးစပ်ရာ Agent ထံသို့သွားရောက်၍ အကူအညီတောင်းခြင်း (သို့) EasyPay ၏ Monitoring Center သို့အကြောင်းကြား၍့အချိန်မှီအကူအညီ တောင်းခြင်းများပြုလုပ်ရပါမယ်။
လျှို ့ဝှက် PIN နံပါတ် မေ့သွားခဲ့လျှင် မည်သို ့ပြန်၍ ပြုလုပ်ရမလဲ။
လျှိူ့ ဝှက် PIN နံပါတ် မေ့သွားခဲ့လျှင် Monitoring Center ဖုန်းနံပါတ် 0931001518, 0931001519, 0931001520, 0931001521, 0931001522, 0931001523 သို့ဆက်သွယ်၍မေး မြန်းကာပြုလုပ်နိုင်ပါတယ်။
ဖုန်းပျောက်ဆုံးပါကမည်သို ့ပြန်လည်ပြုလုပ်ရမည်နည်း။
ဖုန်းပျောက်ဆုံးပါက အခြားဖုန်းတစ်လုံးကို အသုံးပြု၍ မိမိဖုန်းတွင်ရှိသော EasyPay ဝန်ဆောင်မှုကိုရပ်ဆိုင်းနိုင်သည်။ ဥပမာ။ EasyPay အကောင့်အား မိမိကိုယ်တိုင်ပိတ်လိုပါက တစ်ခြားတစ်ဦးတစ်ယောက်၏ ဖုန်းမှနေ၍ SU ဆိုသည့် Command အား 1666 သို့SMS ပေးပို ့၍ မိမိ၏ EasyPay အကောင့်အား ခေတ္တခဏပိတ်ထားနိုင်ပါတယ်။ မိမိ၏ EasyPay အကောင့်အားပြန်လည်အသုံးပြု မည်ဆိုပါက EasyPay (Monitoring Center) ဖုန်းနံပါတ် - 0931001518 ၊ 0931001519၊ 0931001520 ၊ 0931001521 ၊ 0931001522 ၊ 0931001523 သို့ ဆက်သွယ်၍အကူအညီတောင်း ခံနိုင်ပါတယ်။
Pin ကို SMS ဖြင့် မည်ကဲ့သို့ ပြောင်းလဲနိုင်သလဲ။
CPIN_OLD PIN_NEW PIN_NEW PIN ကို ရိုက်ထည့်၍ ပြောင်းလဲနိုင်ပါတယ်။
Cash In ကို SMS ဖြင့် မည်ကဲ့သို့ ပြုလုပ်နိုင်ပါသလဲ။
မိမိ ထည့်သွင်းလိုသော ငွေပမာဏကို Agent သို့ ပေး၍ CI_Agent Pin_Customer Ph.no_ Amount ကို Agent မှ ရိုက်ထည့်ပေးခြင်းဖြင့် Customer ၏ဖုန်းအတွင်းသို့ E-Money ပြုလုပ်နိုင်ပါတယ်။
Cash Out ကို SMS ဖြင့် မည်ကဲ့သို့ ပြုလုပ်နိုင်သလဲ။
CASH_Customer PIN_Agent ID_Amount ကို Customer မှ ရိုက်ထည့်လိုက်လျှင် ၄င်း၏ ဖုန်းသို့ Txn ID ဝင်လာပါမယ်။ ထို ID ကို Agent သို့ ပေး၍ Agent မှ CONF_Agent PIN_Txn ID_Amount ကို ရိုက်ထည့်ပေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။
ကိုယ်တိုင် ဖုန်းကဒ် ကြိုတင်ငွေဖြည့်သွင်းခြင်း (Topup Self) ကို SMS ဖြင့် မည်ကဲ့သို့ ပြုလုပ်နိုင်လဲ။
TOPME_PIN_Amount ကို ရိုက်ထည့်ပေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။
Merchant မှ တစ်ဆင့် ဖုန်းကဒ် ကြိုတင်ငွေဖြည့်သွင်းခြင်း ကို SMS ဖြင့် မည်ကဲ့သို့ ပြုလုပ်နိုင်လဲ။
MTOPUP_PIN_Customer Ph.no_Amount ကို ရိုက်ထည့်ပေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။
P to P ငွေလွှဲခြင်းကို SMS ဖြင့် မည်ကဲ့သို့ ပြုလုပ်နိုင်သလဲ။
MTX_PIN_Other Customer Ph.no_Amount ကို ရိုက်ထည့်ပေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။
ဥပမာ။ MTX 7485 0931001510 5000
ကုန်ပစ္စည်းဝယ်ယူခြင်းကို SMS ဖြင့် မည်ကဲ့သို့ ပြုလုပ်နိုင်ပါလဲ။
BUY_PIN_Customer Ph.no_Amount ကို Customer မှ ရိုက်ထည့်လိုက်လျှင် မိမိ ဖုန်းသို့ Txn ID ဝင်လာပါမယ်။ ထို ID ကို Merchant သို့ ပေး၍ Merchant မှ CONF_PIN_Txn ID_Amount ကို ရိုက်ထည့်ပေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။
Cash In ပြုလုပ်ရာတွင် တစ်နေ့လျှင် အကြိမ်ရေ မည်မျှ ပြုလုပ်နိုင်ပါသလဲ။
ငါးကြိမ် ပြုလုပ်နိုင်ပါတယ်။
Cash In ပြုလုပ်ရာတွင် တစ်နေ့လျှင် ပိုက်ဆံပမာဏ မည်မျှ သွင်းနိုင်ပါသလဲ။
ငါးထောင်မှ စ၍ Non - KYC အတွက် ငါးသောင်းနှင့် Full KYC အတွက် ကျပ် သိန်း နှစ်ဆယ် အထိ ဖြစ်ပါတယ်။
Cash In ပြုလုပ်ရာတွင် တစ်လလျှင် အကြိမ်ရေ မည်မျှ ပြုလုပ်နိုင်ပါသလဲ။
အကြိမ် ၁၅၀ ပြုလုပ်နိုင်ပါတယ်။
Cash In ပြုလုပ်ရာတွင် တစ်လလျှင် အများဆုံးပိုက်ဆံပမာဏ မည်မျှ သွင်းနိုင်ပါသလဲ။
Non- KYC အတွက် ကျပ် နှစ်သိန်း နှင့် Full KYC အတွက် ကျပ်သိန်း ၄၀ ဖြစ်ပါတယ်။
Cash Out ပြုလုပ်ရာတွင် ဖုန်းပိုက်ဆံအိတ်ထဲတွင် ငွေမည်မျှ ရှိရမလဲ။
Cash Out ပြုလုပ်ရန်အတွက် မိုဘိုင်းဖုန်း Wallet ထဲတွင် အနည်းဆုံး 1000 မှစတင်၍ Agent များထံတွင် အလွယ်တကူထုတ်ယူနိုင်ပါတယ်။ သို့သော် Customer များအနေဖြင့် EasyPay မှသတ်မှတ်ထားသော ငွေထုတ်ခနှုန်းထားများအတိုင်းပေးဆောင်ရမည်ဖြစ်ပါတယ်။
Cash Out ပြုလုပ်ရာတွင် တစ်နေ့လျှင် အကြိမ်ရေ မည်မျှ ပြုလုပ်နိုင်သလဲ။
ငါးကြိမ် ပြုလုပ်နိုင်ပါတယ်။
Cash Out ပြုလုပ်ရာတွင် တစ်နေ့လျှင် ပိုက်ဆံပမာဏ ဘယ်လောက် ထုတ်နိုင်သလဲ။
Non - KYC အတွက် တစ်ထောင်မှစ၍ ငါးသောင်းနှင့် Full KYC အတွက် ကျပ် ဆယ်သိန်း အထိ ဖြစ်ပါတယ်။
Cash Out ပြုလုပ်ရာတွင် တစ်နေ့လျှင် အကြိမ်ရေ မည်မျှ ပြုလုပ်နိုင်သလဲ။
အကြိမ် ၁၅၀ ပြုလုပ်နိုင်ပါတယ်။
Cash Out ပြုလုပ်ရာတွင် တစ်နေ့လျှင် ပိုက်ဆံပမာဏ ဘယ်လောက် ထုတ်နိုင်သလဲ။
Non - KYC အတွက် ငါးသိန်း နှင့် Full KYC အတွက် ကျပ်သိန်း တစ်ရာ ဖြစ်ပါတယ်။
P to P ပြုလုပ်ရာတွင် တစ်နေ့လျှင် Transmission (Receive) ကို အကြိမ်ရေ ဘယ်လောက်ပြုလုပ် နိုင်ပါသလဲ။
Non - KYC အတွက် (Receive) ဆယ်ကြိမ်နှင့် Full KYC အတွက် (Receive) အကြိမ် နှစ်ဆယ် စီပြုလုပ်နိုင်ပါတယ်။
P to P ပြုလုပ်ရာတွင် တစ်နေ့လျှင် Transaction (Receive) ကိုပိုက်ဆံ ပမာဏမည်မျှ လက်ခံနိုင် သလဲ။
Non - KYC အတွက် (Receive) အများဆုံး ငါးသောင်းကျပ်နှင့် Full KYC အတွက် (Receive) အများဆုံး ကျပ်ဆယ်သိန်း အထိ ဖြစ်ပါတယ်။
WHAT IS HTML?
HTML stands for HyperText Markup Language. HTML is the main markup language for describing the structure of Web pages.
P to P ပြုလုပ်ရာတွင် တစ်လလျှင် Transaction (Receive) ကို အကြိမ်ရေ ဘယ်လောက် ပြုလုပ်နိုင်ပါသလဲ။
Non - KYC အတွက် (Receive) အကြိမ် 60 နှင့် Full KYC အတွက် (Receive) အကြိမ် 120 စီပြုလုပ်နိုင်ပါတယ်။
P to P ပြုလုပ်ရာတွင် တစ်လလျှင် Transaction (Receive) ကို ပိုက်ဆံပမာဏ ဘယ်လောက် လက်ခံနိုင်ပါသလဲ။
Non - KYC အတွက် (Receive) ကျပ် ငါးသိန်း နှင့် Full KYC အတွက် (Receive) ကျပ်သိန်းတစ်ရာ စီဖြစ်ပါတယ်။
P to P ပြုလုပ်ရာတွင် တစ်နေ့လျှင် Tranaction (Send ) ကို အကြိမ်ရေ ဘယ်လောက် ပြုလုပ်နိုင်ပါသလဲ။
Non - KYC အတွက် (Send) ဆယ်ကြိမ်နှင့် Full KYC အတွက် (Send) အကြိမ် နှစ်ဆယ် စီပြုလုပ်နိုင်ပါတယ်။
P to P ပြုလုပ်ရာတွင် တစ်နေ့လျှင် Transaction (Send) ကို ပိုက်ဆံပမာဏ ဘယ်လောက် လက် ခံနိုင်ပါသလဲ။
Non - KYC အတွက် (Send) ငါးသောင်းနှင့် Full KYC အတွက် (Send) ဆယ်သိန်း အထိ ဖြစ်ပါတယ်။
P to P ပြုလုပ်ရာတွင် တစ်လလျှင် Transaction (Send) ကို အကြိမ်ရေ ဘယ်လောက် ပြုလုပ်နိုင််ပါသလဲ။
Non - KYC အတွက် အကြိမ် 60 နှင့် Full KYC အတွက် အကြိမ် 120 စီပြုလုပ်နိုင်ပါတယ်။
P to P ပြုလုပ်ရာတွင် တစ်လလျှင် Transaction (Send) ကို ပိုက်ဆံပမာဏ ဘယ်လောက် လက်ခံ နိုင်ပါသလဲ။
Non - KYC အတွက် (Send) နှစ်သိန်း နှင့် Full KYC အတွက် (Send) သိန်း ၄၀ ဖြစ်ပါတယ်။
P to P တစ်ကြိမ် ပြုလုပ်ရာတွင် ငွေပမာဏ ဘယ်လောက် ပြုလုပ်နိုင်ပါသလဲ။
တစ်ကြိမ်လျှင် Non - KYC အတွက် အနည်းဆုံး တစ်ထောင်ကျပ်မှစ၍ အများဆုံး ငါးသောင်း အထိလွှဲပြောင်းခွင့် ရှိပြီး ၊ Full KYC Customer များအတွက် အနည်းဆုံး ၁၀၀၀ မှ အများဆုံး ၅၀၀၀၀၀ ကျပ် အထိဖြစ်ပါတယ်။
P to P ပြုလုပ်ရာတွင် ဖုန်းပိုက်ဆံအိတ်ထဲတွင် ငွေမည်မျှ ရှိရမလဲ။
Customer များအနေဖြင့် မိမိလွှဲပြောင်းလိုသောငွေပမာဏအား EasyPay ၏ Wallet ထဲတွင် ရှိရမည်ဖြစ်ပါတယ်။
တစ်ကြိမ်လျှင် - Non-KYC Customer များအတွက် အနည်းဆုံး ၁၀၀၀ မှ အများဆုံး ၅၀၀၀၀ ကျပ် အထိလွှဲပြောင်းခွင့်ရှိပြီး ၊ Full KYC Customer များအတွက် အနည်းဆုံး ၁၀၀၀ မှ အများဆုံး ၅၀၀၀၀၀ ကျပ် အထိဖြစ်ပါသည်။ တစ်နေ့လျှင် Non-KYC များသည် ငွေသား ၅၀၀၀၀ ကျပ်အထိ လွှဲပြောင်း (သို့)လက်ခံနိုင်ပါတယ်။ Full KYC များသည် ၁,၀၀၀,၀၀၀ အထိ လွှဲပြောင်းလက်ခံနိုင်ပါတယ်။ EasyPay မှ ငွေလွှဲပြောင်းသည့် ပမာဏများအတိုင်း ဝန်ဆောင်ခများကိုကောက်ခံသွားမည် ဖြစ်ပါတယ်။
ဥပမာ - Non KYC 1000 မှ 50000 ထိ ( ဝန်ဆောင်ခနှုန်းထား - 80 ကျပ်) ထို့ကြောင့် (ငွေ 50000 လွှဲမည်ဆိုပါက ငွေလွှဲသူ၏ဖုန်းထဲတွင် အနည်းဆုံး ၅၀၀၈၀ ကျပ်ရှိရမည်ဖြစ်ပါတယ်။)
EasyPay ကို USSD ဖြင့် ဘယ်လို စတင် အသုံးပြုနိုင်မလဲ။
*666# ကိုနှိပ်၍ စတင် အသုံးပြုနိုင်ပါတယ်။ English ၊ မြန်မာ ဘာသာနှစ်မျိုးစလုံးမှ ကိုယ်ကြိုက်နှစ် သက်ရာရွေးချယ်၍ အသုံးပြုနိုင်ပါတယ်။
SMS တွင် စာသားများကို မည်ကဲ့သို့ ရိုက်ထည့်ရမလဲ။
SMS တွင် စာသားများကို Space (စာသားတစ်လုံးနှင့် တစ်လုံးကြားတွင်) ခြား၍ ရိုက်ထည့်ရပါမယ်။ စာလုံးများကို ကပ်၍ မရိုက်ရပါ။ သက်ဆိုင်ရာ ဝန်ဆောင်မှုအလိုက် Command code မျာအားရိုက်ထည့်၍ အသုံးပြုရမည်ဖြစ်ပါတယ်။
ဥပမာ။ ။ ငွေလွှဲမည်ဆိုပါက SMS ၏ Compose Box ထဲတွင် MTX_ Pin_Customer Ph.no_Amount (MTX 7485 0931001510 5000) ဟူ၍ ရိုက်ထည့်ကာ 1666သို့ပေးပို့ ရမည်ဖြစ်ပါတယ်။
EasyPay စနစ်ကို သုံးစွဲနေသည့် အချိန်တွင် သုံးစွဲသူနှင့် ပတ်သက်သော သတင်းအချက်အလက််များ ကိုမည်ကဲ့သို ့ ထိန်းသိမ်းပေးရမလဲ။
SMS Network ကျနေပါက မည်သူ ့ကို ဆက်သွယ်မှုပြုလုပ်ရမလဲ။
EasyPay စနစ်ကိုသုံးစွဲပါက သုံးစွဲသူပြုလုပ်မည့် ဝန်ဆောင်မှုတစ်ခုချင်းဆီ အတွက် လုံခြုံစိတ်ချမှုကိုပေးစွမ်းမည်ဖြစ်ပါတယ်။ သုံးစွဲသူ၏ သတင်းအချက်အလက််များကို မပျောက်ဆုံး အောင် EasyPay ဝန်ဆောင်မှုမှ အပြည့်အဝအာမခံပါတယ်။
ဖုန်းပျောက်ဆုံးပါက EasyPay ဝန်ဆောင်မှုမှ မည်ကဲ့သို ့ဆောင်ရွက်ပေး ရမလဲ။
ဖုန်းပျောက်ဆုံးပါက EasyPay သို့ဆက်သွယ်၍မိမိ၏ဖုန်းနံပါတ် ၊ မိမိ၏ Mobile Wallet ထဲတွင်ရှိသော ငွေပမာဏ၊ မိမိနောက်ဆုံးအသုံးပြုခဲ့သည့် Transaction (3) ခုအားပြောကာ EasyPay အကောင့်အားယာယီ ပိတ်ထားနိုင်ပါသည်။ (သို့မဟုတ်) EasyPay အကောင့်အား မိမိကိုယ်တိုင်ပိတ်လိုပါက တစ်ခြားတစ်ဦးတစ်ယောက်၏ ဖုန်းမှနေ၍ SU ဆိုသည့် Command အား 1666 သို့SMS ပေးပို ့၍ မိမိ၏ EasyPay အကောင့်အား ခေတ္တခဏပိတ်ထားနိုင်သည်။ မိမိ၏ EasyPay အကောင့်အားပြန်လည်အသုံးပြု မည်ဆိုပါက EasyPay (Monitoring Center) ဖုန်းနံပါတ် - 0931001518 ၊ 0931001519၊ 0931001520 ၊ 0931001521 ၊ 0931001522 ၊ 0931001523 သို့ ဆက်သွယ်၍အကူအညီတောင်းခံနိုင်ပါတယ်။
မိမိ၏ ဖုန်းထဲတွင်ရှိသော EasyPay ဝန်ဆောင်မှုစနစ်များကို တစ်ခြားသူ ဝင်ရောက် အသုံးမပြုနိုင်ရန် ဘယ်လို ကာကွယ်သင့်သလဲ။
မိမိ၏ ဖုန်းကို Password ခံ၍ လည်းကောင်း၊ EasyPay မှပေးပို ့ထားသော မိမိ ၏ PIN နံပါတ်ကို လျှို့ဝှက်ထား၍ သော်လည်းကောင်း၊ စိတ်မချပါက မိမိ ၏ PIN ကို အသစ်ပြန်လည် ပြောင်းလဲ၍ သော်လည်းကောင်း သုံး စွဲနိုင်ပါတယ်။
မိမိ ၏ PIN နံ ပါတ် မှားရိုက်မိပါသည်ရှိသော် ဝန်ဆောင်မှုစနစ် ပြတ်သွားနိုင်ပါသလား။
PIN နံပါတ် မှားယွင်းပါက ဝန်ဆောင်မှုစနစ်ထဲသို ့ဝင်ရောက်အသုံးပြုနိုင်မည်မဟုတ်ပါ။ EasyPay စနစ်မှ အသုံးပြုသူထံသို ့PIN နံပါတ်မှားယွင်းကြောင်း အကြောင်းကြားစာ ပေးပို ့ ပေးပါမယ်။ မိမိ၏ PIN နံပါတ် (၃) ကြိမ်မှားရိုက်မိပါက အကောင့် Lock ကျသွားနိုင်ပါတယ််။ Lock ကျ သွားသော အကောင့်အားပြန်လည်အသုံးပြုမည်ဆိုပါက EasyPay (Monitoring Center) ဖုန်းနံပါတ် - 0931001518 ၊ 0931001519၊ 0931001520 ၊ 0931001521 ၊ 0931001522 ၊ 0931001523 သို့ ဆက်သွယ်၍အကူအညီတောင်းခံနိုင်ပါတယ်။
EasyPay ဝန်ဆောင်မှုစနစ်ကို အင်တာနက်ချိတ်ဆက်စရာ မလို ဘဲအသုံးပြု ၍ ရနိုင်ပါသလား။
Application ဝန်ဆောင်မှုဖြင့် အသုံးပြုမည်ဆိုမှသာ အင်တာနက်ချိတ်ဆက်ရန်လိုအပ်ပြီး SMS နှင့် USSD အသုံးပြုမည်ဆိုပါက အင်တာနက်ချိတ်ဆက်ရန်မလိုအပ်ပါ။
Agent/Merchant အချင်းချင်းငွေသွင်း၊ ငွေထုတ် (MCashIn / MCashOut) ပြုလုပ်မည်ဆိုပါက မည်ကဲ့သို့ပြု လုပ်ရမလဲ။
တူညီသော Hierarchy အတွင်းတွင်ရှိသော Agent Level အလိုက်ငွေသွင်း၊ ငွေထုတ်ပြုလုပ်နိုင် မည်ဖြစ်ပြီး Hierarchy မတူညီပါက ငွေသွင်း၊ ငွေထုတ်ပြုလုပ်၍ရနိုင်မည်မဟုတ်ပါ။
Agent / Merchant များအနေဖြင့် မည်သည့် Channel များကိုအသုံးပြုနိုင်မလဲ။
Agent / Merchant များအနေဖြင့် SMS Channel ၊ USSD Channel ၊ POS စက် အစရှိတဲ့ Channel များအားမိမိစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Agent များအနေဖြင့် Channel မျာပြောင်းလဲအသုံးပြုနိုင်ပါသလား။
မည့်သည့် channel နှင့်မဆို ပြောင်းလဲအသုံးပြု၍ရပါတယ်။
Customer များအနေဖြင့် မည်သည့် Channel များကိုအသုံးပြုနိုင်မလဲ။
Customer များအနေဖြင့် SMS Channel ၊ USSD Channel ၊ Application အစရှိသည့် Channel များအားမိမိစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။