မင်္ဂလာပါ
အီးဇီးပေးမှ ကြိုဆိုပါတယ်

အီးဇီးပေး ဆိုတာ မိုဘိုင်းလ်ဖုန်းရှိရုံဖြင့် ဘဏ်သွားစရာမလိုဘဲ ဘယ်အချိန် ဘယ်နေရာမှာမဆို ငွေလွှဲခြင်း နှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများကို ယုံကြည်စိတ်ချပြီး မြန်ဆန်လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ မိုဘိုင်းလ်ဖုန်း သို့မဟုတ် သင့်အနီးအနားရှိ အီးဇီးပေးကိုယ်စားများ၊ မြန်မာစီးပွားရေးဘဏ်၊ မြန်မာစာတိုက် တို့မှတဆင့် လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ အီးဇီးပေးက သင့်ကို လုံခြုံစိတ်ချရသော ငွေလွှဲခြင်း နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု တွေကို ပေးစွမ်းမှာ ဖြစ်လို့ သင့်ရဲ့ ငွေကြေးကိစ္စအဝဝကို EasyPay Apps မှ တဆင့် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။

ဝန်ဆောင်မှုအသစ်များ

Main Features & Services

Agent (ကိုယ်စားလှယ်)

ကိုယ်စားလှယ် ဆိုသည်မှာ Mobile Money ဝန်ဆောင်မှု သုံးစွဲသူများ၏ ငွေသွင်းငွေထုတ်လုပ်ငန်းများတွင် လုံခြုံ စိတ်ချစွာ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ပေးသော Easypay ၏ မိတ်ဖက်လုပ်ငန်းများဖြစ်သည်။Easy Pay မှ စံချိန် စံညွှန်းနှင့် ကိုက်ညီသော လုပ်ငန်းရှင်များကို ကိုယ်စားလှယ်အဖြစ်ခန့်အပ်ပြီး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြု သွားမည်ဖြစ်သည်။


ကိုယ်စားလှယ်များ ရရှိနိုင်သော အကျိုးကျေးဇူးများ

Easy Pay မှ တရားဝင် အသိအမှတ်ပြုထားသော ကိုယ်စားလှယ် များသည် အကျိုးခံစားခွင့် အနေဖြင့် Commission ခံစားခွင့်ရှိသည်။ ကိုယ်စားလှယ် များသည် ယခင်ကထက် ဝင်ငွေအခွင့်အလမ်းများကို တဖက်တလှမ်းမှ ပိုမိုရရှိစေနိုင်ပြီး စီးပွားရေးလုပ်ငန်းများအား တိုးချဲ့အောင်မြင်စွာ ဆောင်ရွက်နိုင်သည်။ ကိုယ်စားလှယ် အဖြစ်တရားဝင်ရွေးချယ်ပြီးဖြစ်သော လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှုပေးရာတွင် လိုအပ်မည့် အထောက်အပံ့များကို Easy Pay မှ ပံ့ပိုးပေးသွားမည် ဖြစ်သည်။

အသုံးပြုနိုင်သည့်နည်းလမ်းများ